close

အရာတော်မြို့နယ်တွင် စစ်ကောင်စီခြေလျင်တပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကြာပင်လှကျေးရွာအနီးမှာ  ဇန်နဝါရီ ၁၃ ရက်မနက် ၈ နာရီခွဲလောက် စစ်ကောင်စီခြေလျင်တပ်ဖွဲ့တွေကို ARA မြောက်ပိုင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးကာ ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ARA မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

“မနက်ပွဲကတော့ အတော်လေးလှတယ်။ စစ်သားတွေ လေပေါ်မြောက်တက်သွားတာကို မြင်လိုက်ရတယ်။ အ ခုအထိအလောင်းတွေမကောက်သေးဘူး” လို့ နယ်မြေခံပြည်သူတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ အရာတော်မြောက်နယ်က ကျေးရွာတွေကို ၄ ရက်တိုင် လှည့်ပတ်ပြီး ရှာဖွေရေးလုပ်နေတဲ့ ခြေလျင်စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် မနက် ၅ နာရီလောက်ကလည်း အရာတော်အရှေ့နယ်၊ ငွေတွင်းကျေးရွာက CDM ကျောင်းဆရာတစ်ဦးရဲ့ နေအိမ်နဲ့ NLD ရပ်ကျေးဥက္ကဌရဲ့ နေအိမ်တို့ကို ဒေသခံပျူစောထီးများက မီးတင်ရှို့သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up