close

ဆိပ်ဖြူမြို့ရှိ လွှတ်တော်အမတ်၏ နေအိမ်ကို စစ်တပ်က ချိပ်ပိတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်မှာနေထိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်မွန်အေး နေထိုင်တဲ့အိမ်ကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ လာပြီး ချိတ်ပိတ်သွားပါတယ်။ 

အိမ်ပိုင်ရှင် လွှတ်တော်အမတ်ဒေါ်သက်မွန်အေးက “ကျမက ၂ လပိုင်းကတည်းက ရှောင်နေတာ။ မိသားစုတွေလည်း ရှောင်ခိုင်းထားတာ။ အိမ်မှာ ဘယ်သူမှမနေကြဘူး။ အိမ်ကိုအမြဲတန်းသော့ခပ်ထားတာ။ အဲ့ဒါကို ဇန်နဝါရီ ၁၂ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး အိမ်သော့ကို ရိုက်ဖွင့်ပြီး အိမ်ထဲကို ဝင်ကြတယ်။”လို့ ပြောပါတယ်။

ဒီမနက် ၁၁ နာရီလောက်မှတော့ာ  စစ်ကောင်စီတပ်သားတွေက အိမ်ကို နောက်ထပ်ရောက်လာကာ သော့ခတ်ပြီး ခြံတံခါးမှာ ‘ဤမြေနေရာနှင့်အဆောက်အဦးသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သတ်နေသောကြောင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်ပါသည်၊ မကျူးကျော်ရ၊ ရောင်းဝယ်ခြင်းမပြုလုပ်ရ’ လို့ရေးထားတဲ့ ဆိုင်းဘုတ်ကပ်သွားတယ်လို့လည်း  ဒေါ်သက်မွန်အေးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေရောက်လာချိန်မှာ အိမ်အနီးနားကလူတွေလည်း အနားကိုမသွားရဲကြတဲ့အတွက် အိမ်ထဲကပစ္စည်း‌တွေ ပျောက်ဆုံးတာနဲ့ ဖျက်ဆီးသွားတာ ရှိ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

အလားတူ ဆိပ်ဖြူမြို့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးကျော်ဆန်းအောင်ရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ သတင်းထွက်နေပေမဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up