close

ကျေးလက်လူထု ဝင်ငွေတိုးတက်လာဟု တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာန ပြော

တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှုတွေက စိုက်ပျိုးရေး အထွက်နှုန်းတိုးတက်မှုနဲ့ ကျေးလက်လူထုရဲ့ဝင်ငွေ မြင့်မားမှု အံ့အားသင့်ဖွယ်ရလဒ်တွေ ရရှိခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာ ဝန်ကြီးဌာနက ပြောဆိုပါတယ်။

“၂၀၂၀ မှာ ဂျုံနဲ့စပါး စိုက်ပျိုးမှု ဟက်တာ ၈ ဒသမ ၆၃ သန်း ရှိခဲ့ပြီး ၂၀၂၁ မှာ ဟတ်တာ ၁၁၇ ဒသမ ၆ သန်းထိ တိုးချဲ့နိုင်ခဲ့တယ်။ ထွက်နှုန်း ၆၈၂ ဒသမ ၈၅ ဘီလီယံ ကီလိုကရမ် အထိ ရရှိခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ကျေးလက်နေထိုင်သူ တဦးချင်းရဲ့ အခွန်အခနှုတ်ပြီး အပိုဝင်ငွေက တနှစ် ယွမ် ၁၈,၉၃၁ (ဒေါ်လာ ၃,၀၀၀) အထိရှိပြီး၊ ၉ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်” လို့ ဝန်ကြီးဌာန စိုက်ပျိုးစီးပွားပညာရှင် ကျန်ယန်းဒီက ပြောပါတယ်။

၂၀၂၂ မှာ ဂျုံစပါးထွက်နှုန်း ၆၅၀ ဘီလီယံ ကီလိုဂရမ်အောက် မရောက်ဖို့ ကြိုးစားသွားမယ်လို့လည်း  ဝန်ကြီးဌာန သီးနှံစီမံရေးဒါရိုက်တာက ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up