close

Non- CDM ဝန်ထမ်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက CDM မလုပ်ထားတဲ့ ဝန်ထမ်းတွေအနေနဲ့ နီးစပ်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီမှာ ၂ ပတ်အတွင်း အမြန်ဆုံး စာရင်းပေးကြဖို့နဲ့ မပေးဘူးဆိုရင် ပြင်းပြင်းထန်ထန် အရေးယူတော့မယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။

ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ကြောင်းကို နေထိုင်ရာ နီးစပ်ရာတိုက်နယ်မှူး၊ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဆီမှာ ကိုယ်ရေးအချက်အလက်အပြည့်အစုံနဲ့ အတူ  သီတင်းနှစ်ပတ်အတွင်း အမြန်စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

ပြီးတော့ မတရားအာဏာသိမ်းမှုနောက်ပိုင်း  ပြန်ပေးဆပ်ဖို့မလိုတဲ့ နိုင်ငံ့ဝန်ထမ်း အတိုးမဲ့ချေးငွေတွေကို ဖိအားပေးခြိမ်းခြောက်တောင်းခံတာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ CDM လုပ်လို့ စစ်ကောင်စီလက်အောက်ခံဌာနတွေက ထုတ်ပယ်ထားသူတွေနဲ့ CDM ပြုလုပ်ဆဲ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုစည်းပြီး စစ်ကောင်စီဆီကို သတင်း ပေးပို့ကျူးလွန်နေတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ အရာထမ်း၊ အမှုထမ်းတွေအနေနဲ့ ကိုယ်ပြုလုပ်ပျက်ကွက်တာတွေအတွက် အပြည့်အဝတာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း ထုတ်ပြန် သတိပေးထားပါတယ်။

ဒါ့အပြင် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးကြေညာပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီးနောက်ပိုင်း အစောဆုံးဖွဲ့စည်းခဲ့တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up