close

လှိုင်သာယာတွင် လောင်းကစားလုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင်အပါအဝင် လူ ၁၆၀ ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ လောင်းကစားဖွင့်လှစ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပိုင်ရှင် ၂ ယောက်၊ ဝန်ထမ်း ၉၆ ယောက်နဲ့ လောင်းကစားပြုလုပ်နေသူ ၆၂ ယောက် စုစုပေါင်း အယောက် ၁၆၀ တို့ကို လောင်းကြေးငွေ ကျပ် ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊အမှတ်(၁၅၄)ရှိ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီမှာ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာ လို့ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ မြန်မာတော်ဝင်” ကျောက်စိမ်းစင်တာကုမ္ပဏီပိုင်ရှိင်တွေဟာ  လားရှိုးမြို့မှာနေထိုင်တဲ့ သိန်းအောင်(၄၂)နှစ်နဲ့  အောင်နိုင်ဝင်း (၄၃)နှစ်တို့ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

ဝန်ထမ်းတွေနဲ့ လောင်းကစားပြုလုပ်နေသူအယောက် ၁၆၀ ကို ကာစီနိုစားပွဲဝိုင်း  ၁၅ လုံး၊ ဖင်ထိုင်ခုံ ၇၅ လုံး၊ ဖဲချပ်မျိုးစုံ ၁၅၈၇ ချပ်၊ ငါးမန်းလောင်းကစားခုံ ၇ ခုံ၊ မာကျောက် လောင်းကစား ကိရိယာ ၆ စုံ၊ အန်စာတုံး ၁၀ လုံး၊ အန်စာတုံးခေါက်ရာမှာသုံးတဲ့ ပစ္စည်း ၅ စုံ၊ ဂဏန်းပေါင်းစက် ၁၅ လုံး၊ ငွေတန်ဖိုးများ ရေးသားထားသော တုံကင်ပြား ၁၅၀၀ ပြား၊ ကွန်ပျူတာ မော်နီတာ ၇ လုံး၊ ငွေရေစက်(အကြီး) ၁ လုံး၊ ငွေရေစက်(အသေး) ၁ လုံး၊ လောင်းကြေးငွေ ကျပ်သိန်း ၂၄၉၀ ကျပ်၊ တခြား  ဆက်စပ်ပစ္စည်းတွေနဲ့အတူ  ဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးကို  လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းမှာ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉ (က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဇန်နဝါရီ ၂၇ ရက် စစ်ကောင်စီပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သက်ပြီး မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ ဘက်ကတော့ တစုံတရာထုတ်ဖော် ကြေညာတာ မတွေ့ရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ  ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်တွေကို ဆက်ကြေးပေးပြီး  လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါ်တင်တင် လုပ်ကိုင်လာနေကြတာ ဖြစ်ပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up