အမေရိကန်တွင် အလျားအရှည်ဆုံး မိုးကြိုးပစ်ခတ်မှု စံချိန်တင်

အမေရိကန်နိုင်ငံအတွင်း ပြည်နယ်သုံးခုကို ဖြတ်ကျော် ပစ်ချခဲ့တဲ့ မိုးကြိုးတခုကို သမိုင်းမှာ အရှည်ဆုံး မိုးကြိုးအဖြစ် သတ်မှတ်ခဲ့တယ်လို့ အမေရိကန် မိုးလေဝသ အေဂျင်စီက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
၂၀၂၀ ဧပြီလက တက်ဆပ်ပြည်နယ်နဲ့ မစ္စစ္စပီပြည်နယ် ၂ ခုက တိမ်တွေကြား ၄၇၇ မိုင် (ကီလိုမီတာ ၇၆၈) အကွာအဝေးကို အလျားလိုက် ရှားရှားပါးပါး မိုးကြိုးပစ်ခတ်ခဲ့တာပါ။ ဒါကို သိပ္ပံပညာရှင်တွေက ဂြိုဟ်တုနည်းပညာ သုံးပြီး ထောက်လှမ်းနိုင်ခဲ့ပါတယ်။
ဒါကြောင့် အရင်က ကီလိုမီတာ ၆၀ အဝေးကို ပစ်ခဲ့တဲ့ မိုးကြိုးစံချိန်ကို ချိုးနိုင်ခဲ့ပြီး ကမ္ဘာ့ မိုးလေဝသအဖွဲ့ ကော်မတီ WMO က အတည်ပြုပေးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇွန်လက ဥရုဂွေးနဲ့ အာဂျင်တီးနားနိုင်ငံတွေပေါ်ကနေ ဖြတ်ကျော် ပစ်ခတ်ခဲ့တဲ့ မိုးကြိုးဟာ ၁၇ ဒသမ ၁ စက္ကန့်အတွင်း အရှည်ကြာဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ဖူးတယ်လို့ WMO က ပြောပါတယ်။
အဲဒီမိုးကြိုး ၂ ခုလုံးဟာ တိမ်တွေကြားမှာပဲ ပစ်ခဲ့တာ ဖြစ်ပြီး မြေကြီးကို မထိခဲ့ကြဘူး။ တနှစ်ကို လူရာချီ သေဆုံးနေတဲ့ ရာသီဥတုဖြစ်စဉ်ရဲ့ အန္တရာယ်အတွက် သတိပေးချက် ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။