မဒါဂတ်စကာကျွန်းနိုင်ငံတွင် မုန်တိုင်းကြောင့် လူဦးရေ ၅ သောင်းကျော် ရွှေ့ပြောင်းရ

အိန္ဒိယသမုဒ္ဒရာထဲက မဒါဂတ်စကာ ကျွန်းနိုင်ငံကို ဖေဖော်ဝါရီ ၅ ရက်က ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးကာ လူ ၅ သောင်းကျော် အိမ်ရာပျက်စီးပြီး နေရာရွှေ့ပြောင်းခဲ့ရပါတယ်။
‘ဘတ်ဆရိုင်း’ ဆိုင်ကလုန်းက မဒါဂတ်စတာရဲ့ အရှေ့တောင်ဘက်ကမ်းရိုးတန်းတလျှောက် တိုက်ခတ်ခဲ့တာကြောင့် အိမ်တွေ လျှပ်စစ်မီးတိုင်တွေ ပြိုကျပျက်စီးခဲ့တာပါ။
မြို့တွေ ရွာတွေ အတော်များများ ပျက်စီးခဲ့ပြီး၊ ရိတ်သိမ်းခါနီး သီးနှံတွေ လွင့်စင်ပြီး ရစရာမရှိ ပျက်စီးခဲ့တာပါ။ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က စားနပ်ရိက္ခာ အရေးပေါ်ကူညီဖို့ တနင်္လာနေ့က ကြေညာထားပါတယ်။
လူဦးရေ သန်း ၃၀ ရှိတဲ့ မဒါဂတ်စကာသမ္မတနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ပတ်ခန့်ကလည်း ဆိုင်ကလုန်း Ana တိုက်ခိုက်ခံရတာကြောင့် လူ ၅၅ ဦးသေဆုံးပြီး ၁ သိန်း ၃ သောင်းလောက် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။