close

စီရော်နယ်ဒို အင်စတာဂရမ်စပွန်ဆာပို့စ်တခုတင်လျှင် ပေါင်သန်းချီ ဝင်ငွေရရှိနိုင်

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ စပွန်ဆာပို့တစ်ခုတင်ရင် ပေါင်သန်းချီပြီး ဝင်ငွေရရှိနိုင်တယ်လို့ လောင်းကစားကုမ္ပဏီ OLBG က ထုတ်ပြန်ပါတယ်။ 

ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ  Follower အများဆုံးလူပုဂ္ဂိုလ်ဖြစ်ပြီး စုစုပေါင်းသန်း ၄ဝဝ ရှိပါ တယ်။ 

ဒီအရေအတွက်ဟာ Follower  ၃၀၉ သန်းနဲ့ ဒုတိယအများဆုံးဖြစ်တဲ့ မော်ဒယ် ကိုင်လီဂျင်နာ ထက် သန်း ၁ဝဝ လောက် ပိုများပါတယ်။ 

Follower သန်း ၄ဝဝ ကျော်ရှိတဲ့ စီရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ စပွန်ဆာပို့စ်တစ်ခု တင်လိုက်တာနဲ့ ပေါ င်၁.၇၂ သန်းရရှိနိုင်တယ်လို့ လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ OLGB က ဖော်ပြခဲ့ပါတယ်။ 

ဒီပမာဏဟာ မန်ယူနိုက်တက်မှာရရှိနေတဲ့ တစ်ပတ်လုပ်ခရဲ့ ၃ ဆလောက်ပိုမိုရရှိနိုင်တာပါ။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၅လတာကာလအတွင်းမှာတင် Follower ၁၆၃ သန်း တိုးလာခဲ့ပါတယ်။  Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ရော်နယ်ဒိုက ဝင်ငွေကန်ဒေါ် လာသန်း ၁၂၀ ရရှိခဲ့ပြီး ကော်နာမက်ဂရီဂေါနဲ့ လီယွန်နယ်မက်ဆီတို့ပြီးရင် တတိယ မြောက်ဝင်ငွေ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ 

ဂျူဗင်တပ်အသင်းမှာ ကစားစဉ်က လုပ်ခနဲ့ ဆုကြေး စုစုပေါင်း ကန်ဒေါ်လာ သန်း ၇၀ ရရှိခဲ့ပြီး စပွန်ဆာနဲ့ ကွင်းပြင်ပစီးပွားရေးတွေကနေ စုစုပေါင်း  ကန်ဒေါ်လာသန်း ၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up