close

ရုရှားစစ်သင်္ဘော ၆ စီး ပင်လယ်နက်ထဲသို့ ပြန်လည်ဝင်ရောက်

ရုရှားစစ်သင်္ဘောကြီး ၆ စီးဟာ ယူကရိန်းအနီးမှာ ရေတပ်စစ်ရေးလေ့ကျင့်မှု အပြင်းအထန်လုပ်ဖို့ မြေထဲပင်လယ်ကနေ ပင်လယ်နက် Black Sea ထဲကို ပြန်လည်ခုတ်မောင်း ဝင်ရောက်လာခဲ့ပါတယ်။

ဘောလ်တစ်ပင်လယ် ရေတပ်နဲ့ ဆီးရီးယားကိုရောက်နေတဲ့ ရုရှားရေတပ်တွေကို Black Sea ထဲ ပြန်လည်ခေါ်ယူခဲ့တဲ့ ဗီဒီယိုတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အခုရက်ပိုင်း ထုတ်လွှင်ခဲ့ပါတယ်။ 

စစ်သင်္ဘော ၆ စီးဟာ တူရကီရေလက်ကြားကို အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာဖြတ်ပြီး  Black Sea ထဲ ပြန်လည် ဝင်ရောက်လာတာပါ။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာရှိ ရုရှားရေတပ်အားလုံးကို  ဖေဖော်ဝါရီလအတွင်း ပြန်လည်စုစည်းပြီး ယူကရိန်းနဲ့ အနီးဆုံးနေရာမှာ စစ်ရေးလေ့ကျင် အင်အားပြသွားမယ်လို့ အစောပိုင်းကတည်းက ကြေညာထားတာပါ။ 

ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုတဲ့ အနောက်အုပ်စုရဲ့ စွပ်စွဲမှုအားလုံးကို ဆက်ပြီး ငြင်းဆန်ထားဆဲပါ။ 

တကယ်လို့ ရုရှားက ကျူးကျော်တိုက်ခိုက်ပြီး စစ်ဖြစ်ခဲ့ရင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီ အနေနဲ့ သူ့ရဲ့ ရေလက်ကြားကို ဥပဒေကြောင်းအရ ဖွင့်ပေးခွင့်မရှိပါဘူး။ 

ရုရှားက စစ်ပွဲမဖြစ်ခင် သူ့စစ်သင်္ဘောတွေ တူရကီရေလက်ကြားကို ဖြတ်သန်းပြီး ယူကရိန်းနားမှာရှိဖို့  စောစောစီးစီး ပြန်ခေါ်ယူထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up