close

ပင်းတယ လျှပ်စစ်ရုံးကို မြို့ပြ​​ပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲသတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဆူးဗိုလ်ကုန်းရပ်ကွက်က လျှပ်စစ်မီတာရုံး EPC ကို ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၃ နာရီလောက်မှာ ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပထမဆုံးတိုက်ခိုက်မှုအဖြစ် ဗုံးဖောက်ခွဲသတိပေးလိုက်တယ်လို့ သိရပါတယ်။

ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ Urban Guerrillas of Pindaya- UGP ကို ဖေဖော်ဝါရီ  ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး EPC ရုံးဟာ စစ်ကောင်စီအလိုကျ မီတာခွန် အတင်းအဓမ္မ လိုက်ကောက်တာ၊ မီတာမဆောင်သူတွေကို မီးဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာကြောင့် အပျော့စား ဗုံးခွဲသတိပေးတာလို့  ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပင်းတယမြို့နယ်က ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ ပင်းတယ မြို့ပြ ပြောက်ကျား တပ်ဖွဲ့  UGP ကို ဖွဲ့စည်းတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up