ရုရှားကျူးကျော်တပ်ဖွဲ့များ ယူကရိန်းမြို့ကြီးများကို ဒုံးကျည်များဖြင့်ပစ်ခတ်

စနေနေ့မှာ ရုရှားကျူးကျော်တပ်ဖွဲ့တွေက ယူကရိန်းမြို့ကြီးတွေကို အမြှောက်တွေ ခရုဇ်ဒုံး ကျည်တွေနဲ့ ပစ်ခတ်ကာ တတိယနေ့ စစ်ဆင်ခဲ့ပါတယ်။
ရုရှားတပ်တွေက သမ္မတအိမ်တော်နဲ့ ကီလိုမီတာ ၃၀ လောက်သာ ကွာဝေးတော့ပေမဲ့ သမ္မတဇလန်းစကီးက ယူကရိန်းနိုင်ငံသားတွေ လက်တွဲမဖြုတ်ကြဖို့ တိုက်တွန်းပါတယ်။
လူ ၃ သန်း နေထိုင်တဲ့ ကိယက်ဗ်မြို့မှာ ရုရှားလိုလားတဲ့ အဖျက်သမားအုပ်စုတွေ ခြေပုန်း ခုတ်နေတယ်လို့ မြို့တော်ဝန်က သတိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာချိန်မှာ မက်ထရိုဘူတာရုံတွေထဲ ခိုလှုံကြဖို့ ပြောထားတာပါ။ ပိုလန်ဘက်ကိုတော့ ဒုက္ခသည် ၁ သိန်းကျော် ဖြတ်ကူးသွားပါပြီ။
တတိယနေ့အထိ လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် အပြင်းအထန် ဒဏ်ရာရထားပါတယ်။ ရုရှားစစ်သား ၁၀၀၀ ကျော်ကို ပစ်သတ်နိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ကြေညာပါတယ်။
ပူတင်က ယူကရိန်းထဲရှိ ရုရှားစကားပြောဒေသနှစ်ခုကို ယူကရိန်းအစိုးရက လူမျိုးတုံးသတ်ဖြတ်မှု လုပ်နေတာကြောင့် ယူကရိန်းနာဇီခေါင်းဆောင်ပိုင်းကို စစ်ဆင်ဖြုတ်ချနေရတာလို့ သူ့နိုင်ငံ တီဗွီကနေ ဝါဒဖြန့်ပါတယ်။