close

မန္တလေးတွင် စစ်တပ်စစ်ဆေးရေးဂိတ်နှင့် စစ်ကား ဗုံးဖောက်ခွဲခံရ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ မေလ ၁ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆေးရေးဂိတ် တခုနဲ့ ကားတစီး ဗုံးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်းနဲ့ ယောမင်းကြီးလမ်းရှိ ကနောင် စစ်ကောင်စီတပ်သားတွေရဲ့ဂိတ်ကို နေ့လယ် ၂ နာရီ က Guerilla Force Of Mandalay(GRA) နဲ့ Eagle Brothers People’s Defence MDY အဖွဲ့တို့ ပူးပေါင်းကာ ဗုံးနဲ့ပစ်ခဲ့ပြီး  ထိခိုက်ဒဏ်ရာရသူ ရှိမရှိတော့  မသိရဘူးလို့ Guerilla Force Of Mandalay(GRA) က ထုတ်ပြန်ထားပါတယ်။

ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ၁၀၇ လမ်း အနီးမှာလည်း စစ်ကောင်စီတပ်ကားတစီးကို နေ့လယ် ၂ နာရီကျော်က Mandalay Youth Special Force (MYSF) က အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်က ကားတစီး ထိခိုက်ပျက်စီးတဲ့အပြင် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ Mandalay Youth Special Force (MYSF) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up