close

အမေရိကန်က ကုလဆိုင်ရာ ရုရှားသံတမန် ၁၂ ဦးကို နှင်ထုတ်

အမေရိကန်ကအစိုးရက ကုလသမဂ္ဂ ရုရှားသံတမန် ၁၂ ဦးကို အမေရိကန်ပြည်တွင်းကနေ မတ်လ ၇ ရက် နောက်ဆုံထား ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ကုလသမဂ္ဂမှာ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗာဆစ်လီ နီဘန်ဇီယာကို အမေရိကန်အစိုးရက  ဖုန်းနဲ့ဆက်ပြီး ထွက်ခွာဖို့ အကြောင်းကြားခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်မှာ ဗာဆစ်လီက “အားလုံး ခဏလေးပါ၊ ကျနော့်ဆီ ဖုန်းဝင်လာလို့” ဆိုပြီး သတင်းသမားတွေကို ပြောပါတယ်။ နောက် ခဏတွေဝေသွားပြီး “အမေရိကန်က အာဏာပိုင်တွေက ရုရှားအပေါ် နောက်ထပ်ရန်လိုတဲ့ အပြုအမူလုပ်တယ်၊ အခု ကျနော် အပါအဝင် ရုရှားသံတမန် ၁၂ ဦးကို မတ်လ ၇ ရက် နောက်ဆုံးထား ထွက်ခွာပေးပါလို့ တောင်းဆိုလာတယ်၊ နှင်ထုတ်တာပဲ” ဆိုပြီး သတင်းသမားတွေကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up