ချီလီတွင် တောမီးလောင်ကျွမ်းမှု လေပြင်းကြောင့် ငြှိမ်းသတ်ရခက်နေ

7
ချီလီနိုင်ငံ၊ ဆိပ်ကမ်းမြို့ ဗယ်လ်ပါရာအီဇိုမှာ တောမီးလောင်ကျွမ်းနေပြီး အနီရောင်အဆင့် အရေးပေါ် ကြေညာထားပါတယ်။
မီးသတ်သမားတွေ ၂ ရက်ကြာ မီးငြှိမ်းသတ်နေပေမဲ့ လေပြင်းတိုက်နေတာကြောင့် မီးက တဟုန်းဟုန်း တောက်လောင်နေတာပါ။
ချီလီသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟော့ဟေး မာတီနက်ဇ်က "မီးက ဖေဖော်ဝါရီ ၂၈ မနက်မှာ စလောင်ပြီး ပေ ၁,၆၄၀ အထိ တက်နေတယ်၊ ဟတ်တာဧက ၈၀ ကျော် မီးထဲ ပါသွားပြီ၊ လေပြင်းတိုက်နေလို့ မီးငြှိမ်းရခက်နေတယ်” လို့ ပြောပါတယ်။