close

ရုရှားစစ်ဆင်ရေး၌ ယူကရိန်းနိုင်ငံသား ၁ သန်းကျော် စစ်ရှောင်

ရုရှားရဲ့ဝင်ရောက်ကျူးကျော်မှု စတင်ခဲ့ပြီး တပတ်အတွင်း ယူကရိန်းမှ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့သူ ၁ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ က ပြောပါတယ်။ 

မတ်လ ၃ ရက်က ကြေညာချက်ထုတ်ရာမှာ ဂရန်ဒီက ဒုက္ခသည်ကူညီရေး ဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ နှစ်ပေါင်း ၄၀ အတွေ့အကြုံအတွင်း အခုလို ထုနဲ့ထည်နဲ့ အလျင်အမြန်ထွက်ပြေးကြတာကို ပထမဆုံး မြင်တွေ့ရတာပါလို့ ပြောပါတယ်။ 

သူက ‘နာရီတိုင်း မိနစ်တိုင်းမှာ တိုင်းပြည်က လူတွေ အပြုံလိုက် ထွက်ပြေးနေတယ်၊ ယူကရိန်းပြည်တွင်းမှာလည်း နေရာရွှေ့ပြောင်းနေထိုင်မှုတွေ အများကြီးပါ၊ နှစ်ဖက်လုံးက ပဋိပက္ခကို အဆုံးမသတ်နိုင်ရင် လူသန်းပေါင်းများစွာ နိုင်ငံတွင်းက ထွက်သွားဖို့ ရှိနေတယ်” လို့ ပြောပါတယ်။ 

သူက ဒီကြေကွဲဖွယ်ဖြစ်ရပ်ကို ငြိမ်းချမ်းရေးနဲ့သာလျှင် အဆုံးသတ်နိုင်မယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up