မုံရွာမြို့တွင် စစ်ကောင်စီက နေအိမ် ၅ လုံး ထပ်မံချိပ်ပိတ်





စစ်ကိုင်းတိုင်း မုံရွာမြို့က လူနေအိမ် ၅ လုံးကို စစ်ကောင်စီက မတ် ၅ ရက်မှာ ထပ်မံချိပ်ပိတ် ခဲ့တယ်လို့ သိရပါတယ်။
"တည်းခိုခန်း၊ တံဆိပ်ရိုက်လုပ်ငန်းလုပ်တဲ့ အိမ်တွေအပါအဝင် နေအိမ် ၅ လုံးကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုပြီး ချိပ်ပိတ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ချိပ်ပိတ်သွားတဲ့ အိမ်တွေကတော့ ထန်းတော၊ ဇီးခြံရပ်က နေအိမ်၊ ကံသာဦးရပ်က နေအိမ်၊ အလယ်ရပ်က ခိုင်သဇင်တံဆိပ်ရိုက်လုပ်ငန်းနေအိမ်နဲ့ အလယ်ရပ်ကွက်၊ ရုံးကြီးရပ် တာရိုးလမ်းက တည်းခိုခန်းတို့ ဖြစ်တယ်လို့သိရပါတယ်။
မုံရွာမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ချိပ်ပိတ်ခဲ့တဲ့ နေအိမ်စုစုပေါင်း ၂၀ ကျော် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။