ဗုံးဒဏ်သင့် အစ်ပင်မြို့ ဒေသခံများကို ယူကရိန်းတပ်များ ကယ်ထုတ်

မတ် ၆ ရက်နေ့က ကျူးကျော်သူ ရုရှားက အကြီးအကျယ်ဗုံးကြဲနေတဲ့ အစ်ပင်မြို့က ဒေသခံတွေကို ကယ်ထုတ်ဖို့ ယူကရိန်းစစ်တပ်က ကြိုးပမ်းခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အစ်ပင်မြို့က ပြည်သူတွေဟာ မီးလောင်နေတဲ့ နေအိမ်တွေကို စွန့်ထားခဲ့ရပြီး ပလတ်စတစ်အိတ်ထဲ ပစ္စည်းအနည်းငယ်ထည့်ပြီး ကလေးတွေနဲ့အတူ အသက်လု ထွက်ပြေးနေကြရတာပါ။
ယူကရိန်းတပ်က ပြည်သူတွေက ကားတွေနဲ့ ဘေးလွတ်ရာကို ပို့ပေးခဲ့ပါတယ်။ အစ်ပင်မြို့က မြို့တော်ကိယက်ဗ်နဲ့ ၂၄ ကီလိုမီတာ ကွာဝေးပါတယ်။
ရုရှားက ယူကရိန်းအရှေ့မြောက်ဘက် ခါရ်ခိဗ်ဒေသကို ဗုံးတွေ အဆက်မပြတ်ကြဲချနေတာကြောင့် အရပ်သားသေဆုံးမှု အများအပြားရှိတယ်လို့ ယူကရိန်းရဲတွေက ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ၁၀ ရက်အတွင်း ထွက်ပြေးတိမ်းရှောင်နေ၇တဲ့ ယူကရိန်းပြည်သူ ၁ ဒသမ ၂ သန်းကျော် အိမ်နီးချင်း ပိုလန်နဲ့ ရိုမေးနီးနိုင်ငံတို့မှာ ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။