ပီရူး၌ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဆန့်ကျင်ဆန္ဒပြ

4
မတ်လ ၈ ရက် နိုင်ငံတကာအမျိုးသမီးများနေ့အကြိုအဖြစ် ပီရူးနိုင်ငံ လီမာမြို့မှာ လိင်ခွဲခြား အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
လီမာမြို့ တရားရုံးတော်အပြင်ဘက်မှာ ပီရူးအမျိုးသမီးတွေ စုဝေးပြီး ပိုစတာတွေထောင် ကြွေးကြော် အော်ဟစ်ခဲ့တာပါ။
ပီရူးမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ များပြားနေပြီး ကျူးလွန်သူတွေကို သက်ဆိုင်ရာက အရေးမယူမှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း ပီးရူးမှာ လိင်အကြမ်းဖက်ခံရသူ အမျိုးသမီး ၁၄၁ ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ခဲ့ပါတယ်။