close

အင်ဒိုနီးရှားကို ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်လာ

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘီရွန်းမြို့ကို မတ်လ ၆ ရက် မနေ့မနက်အစာပိုင်းက   ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ဦး စက်လှေနဲ့ ရောက်ရှိလာပါတယ်။ 

ဒုက္ခသည်တွေကြားမှာ ကလေး ၃၅ ယောက်ပါဝင်ပြီး ကျေးရွာထဲဝင် လုံခြုံမှုအကာအကွယ်ပေးဖို့ တောင်းခံပါတယ်။

ရွာခံတဦးက “ပင်လယ်ကို ဘယ်လောက်ကြာအောင် ဖြတ်ခဲ့သလဲဆိုတာ မသိရသေးဘူး၊ အစိုးရလက်ထဲပဲ လွှဲပေးရမှာပါ၊ လူသားချင်းစာနာ အကူညီပေးရမယ့်ကိစ္စပဲ၊ ဒီက လက်မခံဘူးဆိုရင် သူတို့ ဘယ်သွားမလဲ” လို့ ပြောပါတယ်။ 

ဒုက္ခသည်တချို့က ကျန်းမာရေးအခြေအနေမကောင်းဘူးလို့လည်း စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

မနှစ်က ဒီဇင်ဘာမှာ အင်ဒိုနီးရှားက ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို လက်ခံခဲ့တာပါ။ အင်ဒိုနီးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ဒုက္ခသည်တွေကို လက်ခံလေ့မရှိပါဘူး။

အခုရောက်လာတဲ့ ရိုဟင်ဂျာတွေက တတိယနိုင်ငံတခုခုမှာ အမြဲ နေထိုင်ခွင့်ရရှိဖို့အတွက် အင်ဒိုနီးရှားမှာ ယာယီခိုလှုံတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up