ယူကရိန်းနယ်စပ်၌ ခရီးသည်တင်လေယာဉ်ပစ်ချခံရမှု ဒတ်ချ်တရားရုံးစစ်ဆေး

ရုရှား-ယူကရိန်း စစ်ပွဲပြင်းထန်နေချိန်မှာပဲ ဒတ်ချ်တရားရုံးက ၂၀၁၄ ခုနှစ်တုန်းက MH17 ခရီးသည်လေယာဉ် ယူကရိန်းနယ်စပ်မှာ ပစ်ချခံရတဲ့အမှုအတွက် ရုရှား ၃ ယောက်နဲ့ ယူကရိန်း ၁ ယောက်ကို မတ် ၇ ရက်မှာ စစ်ဆေးနေပါတယ်။
နယ်သာလန်ကနေ မလေးရှားကို ပျံသန်းနေတဲ့ MH17 ဂျက်လေယာဉ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး ပါရှိပြီး အားလုံး အသက်ဆုံးရှုံးခဲ့ရတာပါ။ ဒီဖြစ်ရပ်နောက်ကွက်မှာ ရုရှားအစိုးရ ပါဝင်ပတ်သက်မှုအပေါ် သံသယရှိနေတာပါ။
တရားသူကြီးက “ယူကရိန်းနယ်စပ်မှာ လေယာဉ်ပစ်ချခံခဲ့ရတဲ့အတွက် သေဆုံးခဲ့သူအားလုံးကို တရားရုံးက စာနာနားလည်မှု ရှိပါတယ်။ ဒီဖြစ်ရပ်အတွက် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရော နိုင်ငံတွေကပါ ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ကြရပါတယ်။ ဒတ်ချ်တရားရုံးအနေနဲ့ ဒီရာဇဝတ်မှုကို ဆက်လက်စစ်ဆေးသွားမယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီအမှုဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ သက်ဆိုင်မှု မရှိဘူးလို့လည်း ပြောပါတယ်။