ကွာလာလမ်ပူ၌ မိုးကြီးပြီး ရုတ်တရက် ရေကြီး

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမှာ မတ် ၇ ရက်က မိုးကြီးအပြီး ရုတ်တရက် ရေကြီးခဲ့လို့ အိမ်တွေ၊ ကားတွေ ရေမြုပ်ကုန်ပါတယ်။
မီးသတ်ဌာနက ရာဘာလှေတွေနဲ့ သွားလာရင်း အကူအညီလိုတဲ့ ဒေသခံတွေကို လိုက်ရှာခဲ့ပါတယ်။
တချို့လူတွေကတော့ သူတို့အိမ်ထဲ ရေတွေ ဝင်လာအပြီး လုပ်စရာတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်နေတာပါ။
ဝန်ကြီးချုပ် အစ်မေးဆာဘရီ ယာကွတ်ဘ်ကတော့ မြို့လယ်က နေရာ ၆ ခုမှာ ရုတ်တရက် ရေကြီးလို့ ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ရေး အေဂျင်စီတွေက ကူညီနေတယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
မိုးလေဝသဌာနကလည်း မိုးကြီး လေပြင်းပြီး မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နိုင်တယ်လို့ သတိပေး ထားပါတယ်။
မလေးရှားကပြည်နယ်ရှစ်ခုမှာ ဒီဇင်ဘာလလယ်နဲ့ ဇန်နဝါရီ အစောပိုင်းက ဆိုးဆိုးရွားရွား ရေကြီးခဲ့လို့ လူအယောက် ၁ သိန်း ၂ သောင်းကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့အပြီး သီတင်းပတ်တွေ အတွင်း နောက်ထပ် မိုးကြီးခဲ့တာလည်း ဖြစ်ပါတယ်။