close

ချန်ပီယံလိဂ်ကထွက်ခဲ့ရသည့် မန်ယူ နှစ်ပေါင်း ၄ဝ အတွင်း အရှည်ကြာဆုံးဖလားလက်မဲ့ဖြစ်ခဲ့ရ

ဒီကနေ့ မနက်အစောပိုင်းကယှဉ်ပြိုင်သွားတဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ဂိုး ဂိုး မရှိနဲ့ရူံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ 

အခုနှစ်ဘောလုံးရာသီအတွင်းမှာ နောက်ဆုံးဆုဖလားမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့်  ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလားလက်မဲ့ရာသီ ဆက်ပြီးဖြစ်ခဲ့ရပါတယ်။ 

ဒါဟာ မန်ယူအသင်းအတွက် နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဆုံးအကြိမ် ၅ ရာသီဆက်တိုက် ဆုဖလားလက်မဲ့ဖြစ်ခဲ့ပါတယ်။ 

မန်ယူအသင်းဟာ ၁၉၇၇ ခုနှစ် အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက် လက်ရှိအချိန်လိုပဲ ၅ ရာသီကြာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ရပြီး ၁၉၈၃ ခုနှစ်ရောက်မှာ အက်ဖ်အေဖလားထပ်မံရယူပြီး ဆုဖလားလက်မဲ့မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။ 

၂၀၁၃ ခုနှစ်က ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်းမှာ  ဆုဖလား ၃ လုံးသာ ရရှိခဲ့ပါတယ်။ နည်းပြဗန်ဟားလ်ထက်မှာ ၂၀၁၆ ခုနှစ် အက်ဖ်အေဖလားချန်ပီယံ ဖြစ်ခဲ့ပြီး နည်းပြမော်ရင်ဟိုလက်ထက်မှာ လိဂ်ရူံးထွက်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင်ခဲ့တာပါ။ 

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာဆိုရင် မန်ယူအသင်းက ဆုဖလား လက်မဲ့ဖြစ်ဖူးတာက ၃ နှစ်ထက် မပိုခဲ့ဘဲ ဆုဖလားအမြောက်အမြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up