close

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အခြေအနေကောင်းသော်လည်း ပြိုင်ပွဲမပြီးသေးဟု အာတီတာပြော

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပေမဲ့ ပြိုင်ပွဲမပြီးဆုံးသေးတာကြောင့် ဆက်ပြီးတိုက်ပွဲဝင်သွားရမယ်လို့ နည်းပြအာတီတာက ပြောပါတယ်။ 

အာဆင်နယ်အသင်းဟာ မနေ့ညက  ကစားခဲ့တဲ့ လက်စတာနဲ့ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး မန်ယူအသင်းရဲ့အထက် အဆင့် ၄ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။  

အာဆင်နယ်အသင်းဟာ ပြိုင်ဘက်တွေထက်  ၃ ပွဲ လျော့ ကစားထားပေမဲ့ အဆင့် ၄ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေတာပါ။ 

နည်းပြ အာတီတာကလည်း အသင်းရဲ့ရပ်တည်မှုက အခြေအနေကောင်းမွန်နေပေမယ့်လည်း ပြိုင်ပွဲပြီးတဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်သွားရဦးမယ်လို့ လက်စတာကို အနိုင်ရအပြီးမှာ ပြောသွားပါတယ်။ 

“ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွန်ကောင်းမွန်တဲ့ နေရာမှာရှိနေပေမယ့် ပြိုင်ပွဲပြီးဆုံးတဲ့အထိ  ဆက်ပြီး တိုက်ပွဲဝင်သွားဖို့ လိုအပ်နေဆဲပါ။ လာမယ့်တပတ်မှာ လီဗာပူးနဲ့ တွေ့ပါပြီ။ ဒီပွဲက ဘယ်လောက်ခက်ခဲမလဲဆိုတာ သိထားပြီး အနိုင်ရဖို့အတွက် ဆက်ပြီးပြင်ဆင်သွားရမှာ ဖြစ်တယ်။” 

အသင်းရဲ့  ချိတ်ဆက်ကစားနိုင်မှုအပေါ်မှာတော့ ချီးကျူးသွားခဲ့ပြီး အလွန်ကြီးမားတဲ့ရလဒ် ရယူနိုင်ခဲ့တာဖြစ်ကြောင်း နည်းပြ အာတီတာက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up