close

ချန်ပီယံလိဂ်ဝင်ခွင့်ရရန် စပါးက ပိုအခွင့်အရေးကောင်းကြောင်း မာတင်ကီယွန်သုံးသပ်

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့  စပါးအသင်းက ပိုပြီးအခွင့်အရေးကောင်းမွန်နေကြောင်း အာဆင်နယ် ဂန္ထဝင် နောက်ခံလူ မာတင်ကီယွန်က ပြောပါတယ်။ 

ပွဲစဉ် ၂၈ အပြီးမှာ စပါးအသင်းက အဆင့် ရ နေရာမှာ ရပ်တည်နေပေမယ့် လက်ကျန်ပွဲစဉ်ဇယားအရ စပါးအသင်းက တခြားအသင်းတွေထက်ပိုပြီး အလေးသာနေတယ်လို့ မာတင်ကီယွန်က ဆိုပါတယ်။ 

ဗီလာအသင်းကို အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို မာတင်ကီယွန်က အဘွန်လဟော်၊ ဂျိုကိုးတို့နဲ့အတူ BT Sport ရုပ်သံကနေ သုံးသပ်တင်ဆက်ခဲ့ကြပါတယ်။ 

အာဆင်နယ်က နိုင်ပွဲပြန်ရပြီး အဆင့်လေးနေရာမှာ ရပ်တည်နေပေမယ့် ပွဲစဉ်ဇယားအရ စပါးအသင်းက အခွင့်အရေးအကောင်းဆုံးလို့ မာတင်ကီယွန်က သုံးသပ်ပါတယ်။ 

ဂျိုကိုးနဲ့ အဘွန်လဟော် တို့ကတော့ မာတင်ကီယွန်ရဲ့ သုံးသပ်ချက်ကို သဘောမတူခဲ့ဘဲ အာဆင်နယ်က အခွင့်အရေးအကောင်းဆုံးဖြစ်တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့် ရမယ့် အဆင့် ၄ နေရာ လုပွဲမှာ အာဆင်နယ်၊ မန်ယူ၊ ဝက်စ်ဟမ်းနဲ့ စပါးအသင်း တို့ အပြိုင်အဆိုင်ဖြစ်နေတာပါ။ အာဆင်နယ်က လက်ကျန်ပွဲတွေမှာ ချဲလ်ဆီး၊ မန်ယူ၊ စပါး၊ ဝက်စ်ဟမ်းအသင်းတွေလည်း ပါဝင်ပါတယ်။ 

စပါးရဲ့လက်ကျန်ပွဲတွေမှာ  အသင်းကြီးထဲက လီဗာပူးတသင်းသာရှိတော့ပြီး ဝက်စ်ဟမ်း၊ လက်စတာနဲ့ အာဆင်နယ်ပွဲတွေလောက်ပဲ ပွဲကျပ်ကစားရဖို့ရှိပါတယ်။ 

နောက်ထပ် ပြိုင်ဘက် မန်ယူအသင်းရဲ့လက်ကျန်ပွဲတွေမှာတော့ လက်စတာ၊ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီး အသင်းတွေလည်း ပါဝင်နေပါတယ်။ 

လက်ရှိရမှတ်အရတော့ အာဆင်နယ်က မန်ယူကို တပွဲလျော့နဲ့ ၄ မှတ်၊ စပါးကို ၆ မှတ် အသီးသီး အမှတ်ဖြတ်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up