close

စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရသဖြင့် သမ္မတနုတ်ထွက်ပေးရန် ပီရူးပြည်သူများ ဆန္ဒပြ

နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေရတဲ့ ပီရူးနိုင်ငံမှာ ဧပြီ ၉ ရက်က မြို့တော်လီမာရဲ့ လမ်းတွေပေါ် လူထောင်ပေါင်းများစွာ ချီတက်ပြီး သမ္မတပီဒရို ကက်စ်တီလို နုတ်ထွက်ပေးဖို့ တောင်းဆိုပါတယ်။ 

နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ဆန္ဒပြမှုတွေ နှစ်ပတ်ဆက်တိုက်ဖြစ်နေတာပါ။ ရုရှားရဲ့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုကြောင့် လောင်စာနဲ့ ဓာတ်မြေဩဇာ ဈေးမြင့်တက်မှုက စီးပွားရေးအကျပ်အတည်းကြုံနေရတဲ့ ပီရူးကို ပိုမိုရိုက်ခတ်လာတာပါ။ 

ဆန္ဒပြသူတဦးဖြစ်တဲ့ အန်နာ ဆီဆီလီယာ ကာရီလိုက “ကျမတို့ ပီရူဗီးယန်းလူထုကို ကျူးဘား၊ နီကာရာဂွာ၊ ဗင်နီဇွဲလား အစိုးရတွေကို ကွန်မြူနစ်ပုံစံနဲ့ လာမအုပ်ချုပ်နဲ့၊ လူထုကို လာထိန်းချုပ်ဖို့ မကြိုးစားနဲ့၊ ပြည်သူတွေ သင်တို့လွတ်လပ်မှုအတွက် အပြင်ထွက်တိုက်ကြပါ၊ ဒီလိုမဟုတ်ရင် အရာရာ ပိုဆိုးကုန်မယ်” လို့ ရိုက်တာသတင်းကို ပြောပါတယ်။ 

သမ္မတပီဒရို ကက်စ်တီလိုက မနှစ်ကမှ နိုင်ငံတဝန်း ကျေးလက်လူထုထုထောက်ခံမှုနဲ့ သမ္မတဖြစ်လာတာပါ။ အခု အဲဒီသူတွေကပဲ သူ့အုပ်ချုပ်မှုကို မကျေနပ်လို့ ဆန္ဒပြကြတာပါ။ 

မကြာခင်ကပြုလုပ်တဲ့ လူထုစစ်တမ်းတခုအရ သူ့ရဲ့ လူကြိုက်များမှုဟာ ၁၉ ရာခိုင်နှုန်းထိ ကျသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up