အမေရိကန်တွင် ဧပြီ ၁၇ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၈၀.၆၂ သန်းကျော်ရှိလာ

အမေရိကန်နိုင်ငံမှာ ဧပြီ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြုလူနာ ၈၀.၆၂ သန်းကျော်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၉၈၈,၀၀၀ ကျော်ပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် စနစ်ဆိုင်ရာ သိပ္ပံနဲ့အင်ဂျင်နီယာဌာန (CSSE) က ပြောပါတယ်။
ခုချိန်ထိ တနိုင်ငံလုံးမှာ ကာကွယ်ဆေး ထိုးဆေး ၅၆၇ သန်းကျော်ကို ထိုးနှံစီမံပြီးပြီလို့လည်း (CSSE) က ပြောထားပါတယ်။ ဒါပေမဲ့ ရိုက်တာသတင်းမှာတော့ အမေရိကန်မှာ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ဦးရေ ၈၀ ဒသမ ၆၅ သန်းရှိတယ်လို့ ဆိုပါတယ်။
“အစီရင်ခံထားတဲ့ ကူးစက်ခံ သေဆုံးသူ စုစုပေါင်းအရေအတွက်က ၉၈၉,၀၀၀ ကျော်နေပြီး (CSSE) က တင်ပြတဲ့ အရေအတွက်ထက် ပိုများနေပါတယ်။ နိုင်ငံတွင်း အသစ်ကူးစက်ခံ ဦးရေ ပိုများလာမယ့် ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန် အရာရှိတွေက သတိပေးထားခဲ့ပြီးပြီ။ အမေရိကန်ပြည်ထောင်စုက အတည်ပြုလူနာအရေအတွက်နဲ့ ဆေးရုံတက်လူနာများဆိုင်ရာ လက်ရှိ ကိန်းဂဏန်းတွေဟာ အမှန်တကယ် ဖြစ်တဲ့ အချက်အလက်ထက် အများကြီး နည်းနေလို့ ပြန်ကောင်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အတိအကျသိဖို့ ခက်တယ်။ ဒါကြောင့် ကျန်းမာရေး ဌာန အရာရှိတွေကို လှည့်စားသလို ဖြစ်နေတယ်” လို့ ဘော့စ်တွန် ကလေးဆေးရုံ ကူးစက်ရောဂါဗေဒပညာရှင်နဲ့ အရာရှိချုပ် ဂျွန်ဘရောင်းစတိန်းက ပြောပါတယ်။