close

အမရပူရ မြေအောက်တော်လှန်ရေး လှုပ်ရှားနေသူ ၆ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို မြေအောက်တော်လှန်ရေးအသွင် လှုပ်ရှားနေသူ ၆ ယောက်  ဖမ်းဆီးခံထားရတယ်လို့ Truth Keeping Force-Amarapura က ထုတ်ပြန်ထားပါတယ်။

အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်  ဧပြီ ၁၈  ရက်က တာဝန် ထမ်းဆောင်ရင်း ဆိုင်ကယ်နှစ်စီး၊ ကားတစ်စီး၊ လက်နက်ခဲယမ်းတချို့နဲ့ ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ထုတ်ဖော်မပြောချင်ပေမယ့် စစ်ကောင်စီက သတင်းထိမ်ချန်မှုတွေ၊ ရက်စက်ယုတ်မာ ကောက်ကျစ်မှုတွေနဲ့တကွ နောက်ယောင်ခံတာနဲ့ အကျပ်ကိုင်တာတွေ ပေါ်ပေါက်လာတာကြောင့် ထုတ်ပြန်တာဖြစ်တယ်လို့ Truth Keeping Force-Amarapura က ဆိုပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း မြေအောက်တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ဖမ်းဆီးခံနေရပြီး ပစ်ခတ်ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up