အာဂျင်တီးနားတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ပြုပြင်ပြောင်းလဲရန် ဆန္ဒပြ

အာဂျင်တီနားနိုင်ငံမှာ Earth Day မြေကမ္ဘာနေ့အထိမ်းအမှတ်အဖြစ် လူငယ်တွေ လမ်းပေါ်ထွက်လာကြပြီး အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ ဧပြီ ၂၂ ရက်နေ့မှာ တောင်းဆိုကြပါတယ်။
လူငယ်အများစုပါဝင်တဲ့ ဆန္ဒပြသမားတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုဟာ လူမှုတရားမျှတမှုလည်း ဖြစ်တယ်ဆိုတဲ့ ဆိုင်းပုဒ်တွေကို ကိုင်ဆောင်ပြီး ချီတက်ကြပါတယ်။
ဆန္ဒပြသမားတွေဟာ သစ်တောမြေထိန်းသိမ်းရေး၊ စွမ်းအင်ကဏ္ဍပြောင်းလဲရေး၊ စိုက်ပျိုးရေးကို မြှင့်တင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြပါတယ်။
ငွေကြေးအမြတ်ရရေး တခုတည်းကို ကြည့်တဲ့ ဝိသမလောဘ အမြင်တွေကို ပြောင်းလဲဖို့ အချိန်တန်နေပြီး လူငယ်တွေရဲ့ အနာဂတ်ကို စဉ်းစားပေးဖို့ လိုတယ်လို့ ဆန္ဒပြ လူငယ် တယောက်က ပြောသွားတာပါ။
ဧပြီ ၂၂ ရက်ဟာ မြေကမ္ဘာ့နေ့ ဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်နဲ့ ကမ္ဘာမြေကြီးကို လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် အန္တရာယ် မကျရောက်စေရန် ထို့ထက် ကာကွယ်စောင့်ရှောက်ဖို့အတွက် ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။