close

သီရိလင်္ကာ သမ္မတနှင့်အစိုးရအဖွဲ့ နုတ်ထွက်ရန် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

သီရိလင်္ကာသမ္မတနဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ ကိုလံဘိုမြို့ သမ္မတရာဂျာပက်စာရဲ့ ရုံးနဲ့ မျက်နှာချင်းဆိုင်မှာ ထောင်နဲ့ချီတဲ့ တက္ကသိုလ်ကျောင်းသားတွေ ဧပြီ ၂၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြကျောင်းသားတွေဟာ ဝန်ကြီးချုပ် မာဟင်ဒါရဲ့ နေအိမ်ရှိရာဆီကိုလည်း ချီတက်ကြပြီး အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။ 

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေးကပ်ဘေးနဲ့ ကြုံနေရတာပါ။ 

နေ့စဉ် လျှပ်စစ်မီးပြတ်တောက်တာ၊ နိုင်ငံခြားကနေ သွင်းရတဲ့ လောင်စာဆီနဲ့ ဆေးဝါး ပြတ်တောက်တာတွေကြောင့် အရင်လကစလို့ နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာပါ။ 

ဒီရက်သတ္တပတ်တွေအတွင်း ဆန္ဒပြပွဲတွေ ပိုအရှိန်မြင့်လာနေပြီး ငွေကြေးဖောင်းပွမှုနဲ့ တိုင်းပြည် စီးပွားရေးအကျပ်အတည်းကို ပြေလည်အောင် မဖြေရှင်ပေးနိုင်တဲ့ သမ္မတ ရာဂျာပက်စာ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို နုတ်ထွက်ပေးဖို့  တောင်းဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up