close

စစ်ဘေးသင့် မာရီယူပိုမြို့က ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းတက် ဝတ်ပြုဆုတောင်း

စစ်ဘေးဒဏ်ခံနေရပေမယ့် ယူကရိန်းနိုင်ငံ မာရီယူပိုမြို့က ခရစ်ယာန် ဘာသာဝင်တွေဟာ ဧပြီ ၂၄ ရက်က ဘုရားကျောင်းတက်ပြီး ဝတ်ပြုဆုတောင်းကြပါတယ်။ 

ဒီတနင်္ဂနွေနေ့ဟာ အော်သိုဒေါက် ခရစ်ယာန်တွေအတွက် အရေးကြီးတဲ့ အီစတာ အားလပ်ရက် ဖြစ်တဲ့အတိုင်း ယုံကြည်ကိုးကွယ်သူတွေဟာ မာရီယူပို မြို့လယ်က ခရစ်ယာန် ဘုရားကျောင်း (Holy Trinity) မှာ အီစတာ ဓလေ့ထုံးတမ်းအတိုင်း ဘုရားကျောင်း လာတက်ကြတာပါ။

ဒီဘုရားကျောင်းဟာ စစ်ကြောင့် ပျက်စီးနေတဲ့ ပေါ့ဒ်စီးတီး ဈေးဝယ်ကုန်တိုက်နဲ့ ၁ ကီလိုမီတာပဲ ဝေးပါတယ်။ ဘုရားကျောင်းကိုလည်း အမြောက်ဆန် တကြိမ် လာထိမှန်ခဲ့တယ်လို့ သင်းအုပ်ဆရာတော်က ပြောပါတယ်။

ဝတ်ပြုဆုတောင်းပွဲဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့နောက်ပိုင်းကတည်းက  ပထမဆုံး ပြန်လည်ပြုလုပ်တာလို့ ဆိုပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up