close

နမ့်စန်မြို့နယ်၌ လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ၃၀ ကျော်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ မေ ၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် ဟိုးနားကြီးနဲ့ နမ့်လစ်ကျေးရွာအုပ်စုအတွင်းက လူနေအိမ် ၃၃ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “လေကော မိုးကော တော်တော်ကြမ်းတယ်။ ကျနော်တို့ရွာက လူအိမ်တွေ တော်တော်များများ အမိုးတွေ လန်ကုန်တယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နားမခေါ်ကျေးရွာက ကျေးလက်ဆေးခန်းဆိုင်းဘုတ်နဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ဧပြီလ နောက်ဆုံးပတ်က စတင်ပြီး ရှမ်းနဲ့ ကယားပြည်နယ်အတွင်းမှာ  မိုးနဲ့အတူ လေပြင်းလည်း တိုက်ခတ်လာတာကြောင့် လူနေအိမ်တချို့နဲ့ စစ်ဘေးရှောင်စခန်းက မိုးကာတဲတွေ  ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ မေ ၂ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်၊ ရှမ်းနဲ့ ကယားပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up