အိန္ဒိယနိုင်ငံ အချို့ဒေသများ၌ အပူချိန် ၆ ဒီဂရီ ကျဆင်း

အိန္ဒိယနိုင်ငံမှာ မေ ၁ ရက်က စံချိန်တင်အောင် ပူပြင်းနေပေမယ့် တချို့နေရာနည်းနည်းမှာ စံချိန်ကျိုးအောင်ပူတဲ့ ဧပြီလအပူချိန်အောက် ၆ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ အပူချိန် ကျဆင်းခဲ့ပါတယ်။
ဧပြီ ၃၀ ရက်ကတော့ နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ ဧပြီလအတွင်း အပူဆုံး ပျမ်းမျှ အပူချိန်ထိ ရောက်ခဲ့ပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ အပူသက်သာအောင် မြစ်တွေ၊ ရေကူးကန်တွေထဲမှာ ရေစိမ်တာ၊ ဖျော်ရည်တွေ သောက်ပြီး သစ်သီးတွေ စားတာအပါအဝင် သူတို့ကိုယ်သူတို့ အေးအောင် နည်းမျိုးစုံ နဲ့ ကြိုးစားခဲ့ကြတာပါ။
အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာတော့ အစွန်းရောက် အပူလှိုင်းကို ဒီနှစ်ထဲမှာ ခံစားနေရပါတယ်။
ကတ္တရာလမ်းတွေ အရည်ပျော်ပြီး ကျောင်းတွေကို ပိတ်ထားရပါသလို ကျန်းမာရေးနဲ့ မီးဘေးအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
ဧပြီလရဲ့ ပျမ်းမျှ အပူချိန်ဟာ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ၃၅ ဒသမ ၉ နဲ့ ၃၇ ဒသမ ၇၈ ဒီဂရီ ဆဲလ်စီးယပ်စ်စီ အသီးသီး ရှိကြတယ်လို့ အိန္ဒိယ မိုးလေဝသဌာနညွှန်ချုပ်က ပြောပါတယ်။
တောင်အာရှဒေသတွင်းမှာ ပြည်သူ သန်းတထောင်ကျော်ဟာ ပြင်းထန်တဲ့ နွေဦးရာသီ ပိုစောလာတာ၊ ရာသီဥတု ပြောင်းလဲတာတွေနဲ့ ချိတ်ဆက်နေတဲ့ အပူနဲ့ ပတ်သက်တဲ့ သက်ရောက် မှုတွေရဲ့ ဘေးကို ခံစားရမယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။