အမေရိကန်တွင် တောမီးကြောင့် သစ်တောဧရိယာ ၇၀၀၀ ကျော် လောင်ကျွမ်း

104
အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ်၊ တေလာနယ်မြေမှာ ဒီတပတ်အတွင်း သစ်တော ဧရိယာ ၇၀၀၀ ကျော် တောမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသအစိုးရရဲ့ တရားဝင် ကိန်းဂဏန်း တွေမှာ ဖော်ပြပါတယ်။
အပူပြင်းထန်ပြီး လောင်ကျွမ်းတဲ့ တောမီးကြောင့် လူနေအိမ်ခြေ ၅၀ ကနေ ၆၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဂျင်မ်းနက် Jim Ned စေတနာဝန်ထမ်း မီးသတ်တပ်ဖွဲ့ကလည်း ပြောပါတယ်။
အမျိုးသားမိုးလေဝသဌာနက အဲဒီဒေသထဲက နယ်မြေ ၁၆ ခုကို တောမီးအန္တရာယ်ရှိတဲ့ အနီရောင်အဆင့် ဆက်ပြီး သတ်မှတ်ထားပါတယ်။