လီဗာပူးနှင့် အနာဂတ်ကိစ္စ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ဆုံးဖြတ်မည်ဟု မာနေးပြော

လီဗာပူးအသင်းနဲ့ အနာဂတ်ကိစ္စတွေကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်ချက်ပေးမယ်လို့ တိုက်စစ်မှူး မာနေးက ပြောပါတယ်။
အသက် ၃ဝ အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ အနာဂတ်ကိစ္စ မသေချာမရေရာ ဖြစ်လာခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ အနိုင်ယူပြီး အသင်းအတွက် ၇ ကြိမ်မြောက် ဆုဖလား ရယူနိုင်ခဲ့မယ်ဆိုရင် ထူးခြားတဲ့အောင်မြင်မှု ဖြစ်လိမ့်မယ်လို့ မာနေးက ပြောပါတယ်။
“အသင်းအတွက် ၇ ကြိမ်မြောက် ဆုဖလားကို မြှောက်နိုင်ခဲ့မယ်ဆိုရင် ထူးခြားတဲ့အောင်ပွဲ ဖြစ်လိမ့်မယ်။ ကျနော့်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဒီမှာဆက်ရှိမလား ဆိုတာကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဖြေကြားသွားပါမယ်။”
မာနေးကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူလိုနေသလို ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
လီဗာပူးအသင်းဟာ သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ဆာလက်နဲ့ ဖေမီနို တို့ကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ လိုအပ်နေပါတယ်။