close

ဝီဂါလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့ဟု တရုတ်နိုင်ငံကို အမေရိကန် ဝေဖန်

တရုတ်နိုင်ငံမှာ ဝီဂါလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖိနှိပ်မှုတွေကို  လုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇွန် ၂ ရက်က ဝေဖန်ပြောကြားလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနကနေ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ၂၀၂၁ အစီရင်ခံစာကို  ဇွန် ၂ ရက် စတင်ထုတ်ဝေတဲ့အချိန်မှာ ဝန်ကြီး ဘလင်ကန်က  ပြောကြားလိုက်တာပါ။

“တရုတ်က မွတ်ဆလင် ဝီဂါအများစုနဲ့ တခြား ဘာသာရေး လူနည်းစုတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလကတည်းက ဝီဂါတွေ၊ ကာဇက်တွေ၊ ကာဂျစ်တွေနဲ့ တခြားလူမျိုးတွေ အားလုံးပေါင်း တသန်းကျော်လောက်ကို ရှင်းကျန်းဒေသရှိ အကျယ်ချုပ်စခန်းတွေမှာ ထိန်းသိမ်းထားကြောင်း” ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ရှင်ကျန်းဒေသမှာ ထိန်းသိမ်းရေးစခန်းတွေ မရှိကြောင်း တရုတ်က ကနဦးမှာ ငြင်းဆိုခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးနဲ့ ဘာသာရေး အစွန်းရောက်ဝါဒတွေ ဆိုတာကို မဖြစ်မနေတိုက်ဖျက်ဖို့ သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေကို ထူထောင်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

//
Up