close

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရန် လီဗာပူးအသင်း အကြိုသဘောတူညီမှုရ

လီဗာပူးအသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးအတွက် လီဗာပူးအသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၈၅ သန်း ပေးချေမှာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့တယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးပြီး မကြာခင်မှာ အပြီးသတ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ကနဦးပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၆၈ သန်း ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ကာ နောက်ထပ် ပေါင် ၁၇ သန်း ပေးချေမှာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအတွက် ၃၄ ဂိုး သွင်းယူခဲ့ပြီး ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။

လက်ရှိအချိန်ထိတော့ လီဗာပူးအသင်းက အနီးစပ်ဆုံး အခြေအနေ ရောက်ရှိလာခဲ့ပြီး ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

//
Up