close

ချင်းမိုင်တွင် သီးနှံရောင်းချသူ ၁ ဦး ထိုင်းထီ ပထမဆု ၂ စောင်ပေါက်၊ ဘတ် ၁၂ သန်းရ

ဇွန်လ ၁၆ ရက်က ထွက်ရှိသွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၃၆၁၈၀၇ ကို ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်၊ မဲ့ကုံးဈေးထဲမှာ တောထွက်သီးနှံ လာရောင်းလေ့ရှိသူတဦး ကံထူးစွာနဲ့ ၂ စောင်ပေါက်သွားခဲ့ပါတယ်။

ထိုင်အစိုးရထီ ပထမဆု ၁ စောင်ကို ဘတ်ငွေ ၆ သန်းရတာကြောင့် သူဟာ ဘတ် ၁၂ သန်းရရှိမှာ ဖြစ်ပါတယ်။

သူ့အမည်ဟာ လုံးထွဏ်းဆိုသူဖြစ်ပြီး တောထဲက သီးနှံတွေရှာဖွေရောင်းချနေသူဖြစ်ကာ ထီပေါက်တာသိရတဲ့အတွက် ဝမ်းသာအားရနဲ့  ပါသမျှ တောထွက်ပစ္စည်းအားလုံးကို ဈေးထဲကလူတွေကို အလကားဝေငှပေးခဲ့တယ်လို့  Siam News ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား- Siam News

//
Up