မြောက်ကိုရီးယား၌ အမည်မသိ အူလမ်းကြောင်းရောဂါကူးစက်ခံရ

မြောက်ကိုရီးယားနိုင်ငံအနောက်ပိုင်း တောင်ဟွမ်ဟေးခရိုင်မှာနေသူတွေဟာ အမည်မသိ အူလမ်းကြောင်း ရောဂါ ကူးစက်ခံနေရပါတယ်။
တချိန်တည်းမှာ ကိုရီးယားအလုပ်သမားပါတီ (WPK) ကပေးတဲ့ ဆေးတွေနဲ့ အထောက်အပံ့ တွေကို လက်ခံရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန် ၁၈ ရက်မှာ ထုတ်လွှင့်ပြသပါတယ်။
မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံ KRT က ထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာ ဟေးဂျူးမြို့နဲ့ ခန်းဂရယောင်းမြို့နယ်တွေမှာ နေသူတွေဟာ ဆေးတွေ၊ စားစရာတွေနဲ့ နေ့စဥ်သုံး ပစ္စည်းတွေကို ဇွန် ၁၇ ရက်မှာ လက်ခံရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း ငိုယို ပြောဆိုခဲ့ကြတာကို ထုတ်လွှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် သီတင်းပတ်ချီ ကူးစက်အပြီး ခုသီတင်းပတ် အစောပိုင်းမှာတော့ ပြင်းထန်တဲ့ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတယ်လို့ KRT က ပြောပါတယ်။
ရောဂါက ဘာလဲဆိုတာ အသေးစိတ်မဖော်ပြထားပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ရည်ညွှန်းထားပါတယ်။
တောင်ဟွမ်ဟေးပြည်နယ်ဟာ မြောက်ကိုရီးယားရဲ့ အဓိကစိုက်ပျိုးရေးဒေသဖြစ်ပြီး နဂိုတည်းက ကိုဗစ်-၁၉ ကူးစက်မှု လှိုင်းလုံးကြားမှာ အစာအိမ် အူလမ်းကြောင်း ရောဂါ ထပ်ကူးစက်နေလို့ ရေရှည် အစာပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။