စပိန်နိုင်ငံမြောက်ပိုင်း၌ တောမီးလောင်

စပိန်နိုင်ငံမြောက်ပိုင်းမှာ တောမီး ဆက်လက် လောင်ကျွမ်းနေတာမှာ ဇွန် ၂၀ ရက်အထိ မီးသတ်သမားတွေဟာ နေရာ ၃ ခုကို မီးငြှိမ်းသတ်နိုင်ပြီး နေရာ ၆ ခုမှာ မီးဆက်လောင်နေပါတယ်။
အရာဂွန်ဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာ တခုက လူ ၇၇ ယောက်ကို နေရာ ပြောင်းရွှေ့ပေးလိုက်ရသလို နာဗာရာ ဒေသထဲက မြို့ ၇ မြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ကိုယ့်အိမ်ကိုယ်မပြန်နိုင်ဘဲ ရှိနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
နိုင်ငံအနောက်ပိုင်းမှာလည်း ဟက်တာ ၃၀,၀၀၀ လောက် ကျယ်ပြန်တဲ့ တောမီးလောင်နေခဲ့တာ ဇွန် ၂၀ ရက်ညနေပိုင်းမှာ စပိန်နိုင်ငံတဝန်း အပူချိန် နည်းနည်းကျသွားတဲ့အတွက် မီးကို ထိန်းရတာ ပိုပြီး လွယ်ကူသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
စပိန်နိုင်ငံမှာ အရင်တပတ်က နှစ်ပေါင်း ၄၀ အတွင်း အပူဆုံး နေ့ရက်တွေ ဖြစ်ခဲ့ပြီး နိုင်ငံထဲတချို့ ဒေသတွေမှာ တောမီး စတင် လောင်ကျွမ်းခဲ့တာပါ။
အပူဆုံးအချိန်မှာ တချို့မြို့တွေမှာ အမြင့်ဆုံး အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီယက်စ် အထိ မြင့်တက်ခဲ့လို့ ဒါဟာ ၁၉၈၁ ခုနှစ် နောက်ပိုင်း စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
ဇွန်လလယ်မှာ အနောက်ဥရောပဘက်အခြမ်းမှာ စပိန်မှာလိုပဲ ထူးထူးကဲကဲ ပူပြင်းတဲ့ ရာသီဥတုကို ကြုံတွေ့ခဲ့ကြရပါတယ်။