နယူးယော့ခ်မြို့လယ် ယာဉ်တိုက်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရ

6
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ခေါင်မှာ ဇွန် ၂၀ ရက်က တက္ကစီ အငှားကားတစီး မတော်တဆဖြစ်ပြီး အနည်းဆုံး လမ်းသွားလမ်းလာ ၆ ယောက် ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသူတွေထဲမှာ တက္ကစီယာဉ်မောင်းတယောက်လည်း ပါဝင်တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့ ပြောပါတယ်။
ဒဏ်ရာရသူအားလုံးကို ဆေးရုံတင်ထားပြီး ၃ ယောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် မှောက်သွားတဲ့ တက္ကစီကားကို လူ အယောက် ၂၀ လောက်နဲ့ မ ရွှေ့ပြီး အထဲမှာ ပိတ်မိနေတဲ့ လူ ၂ ယောက်ကို ကယ်ထုတ်ခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
သတင်းတွေအရ တက္ကစီကားဟာ မြို့လယ်ခေါင် လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးစီးသူတွေနဲ့ လမ်းလျှောက်သူတွေကို ဝင်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။