close

မိုးကောင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ရဲတဦး သေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဇူလိုင် ၁၀  မနက်ပိုင်းက မိုင်းထောင်ထားတဲ့ ခြင်းတောင်းကို သွားကန်ခဲ့တဲ့ ရဲတဦး မိုင်းပေါက်ကွဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေး မီးပွိုင့်အနီး စစ် (-)၊ ရဲ (-) လို့ ရေးသားထားတဲ့ အလံကို ပြေးကန်စဉ် မိုင်းပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မနက် ၄ နာရီခွဲလောက် စည်ပင်သာယာဈေးအနီး မီးပွိုင့်မှာ စစ် (-) ရဲ (-) ရေးထားတဲ့ အလံကို ခြေထောက်နဲ့ ပြေးကန်တာ။ အဲဒီအလံဘေးနားက ခြင်းထဲ မိုင်းထည့်ထားပုံရတယ်။ ထပေါက်ကွဲပြီး ရဲလည်း ပွဲချင်းပြီး သေတာပဲ” လို့ ပြောပါတယ်။

နယ်ထိန်း ရဲတပ်ကြပ် တွတ်ပီဟာ မိုင်းပေါက်ကွဲခဲ့တဲ့အရှိန်ကြောင့် ခြေလက်တွေ ပြတ်တောက်ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တာပါ။

မိုးကောင်းမြို့နယ်မှာ မီတာခ အတင်းအကျပ် လိုက်လံကောက်ခံနေတဲ့ လျှပ်စစ်မီတာရုံးကိုလည်း ပြီးခဲ့တဲ့ မေ ၂၅ ရက်က ဒေသခံ မြို့ပြ ပြောက်ကျားတပ်ဖွဲ့ က မိုင်းဖောက်ခွဲခဲ့ပါသေးတယ်။

//
Up