close

မက်ဒရစ်တွင် စပိန်ရိုးရာ ရေသဘင်ပွဲ ကျင်းပ

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ထောင်နဲ့ချီတဲ့ မြို့ခံတွေဟာ ဇူလိုင် ၁၇ ရက်က စပိန်ရိုးရာ ရေသဘင်ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ 

ဒီနှစ် စပိန်ရေသဘင်ပွဲတော်ဟာ စပိန်မှာ အပူလှိုင်း ဖြတ်နေတာ တပတ်ပြည့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဇူလိုင် ၁၇ ရက် အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယက် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်)အထိ မြင့်တက်နေပါတယ်။ 

အပူဒဏ်ကို ခုခံဖို့အတွက် ဒီလို ရေသဘင်ပွဲတော်ကို စီစဉ်ရတာပဲလို့ မြို့ခံ ဂျိုစ် ဂွန်ဆာလက်က ပြောပါတယ်။ 

စပိန် မိုးဇလဌာနကတော့ အပူလှိုင်းဖြတ်တာ ဇူလိုင် ၁၈ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပေမယ့် နိုင်ငံထဲက တချို့ အစိတ်အပိုင်းတွေမှာ အပူချိန် ဆက်မြင့်မားနေမယ်လို့ ခန့်မှန်းထားပါတယ်။

စပိန်နိုင်ငံမှာ ရေသဘင်ပွဲတော်ကို ၁၉၈၂ ခုနှစ်က ပူပြင်းတဲ့ နွေရာသီကို အံတုဖို့အတွက် လူငယ်တစုက စတင်ကျင်းပခဲ့တာလို့ အမှတ်အသား ရှိပါတယ်။ 

//
Up