close

ဂျွန်တယ်ရီ၏ကျောနံပါတ် ကူလီဘာလီကိုပေးခဲ့သည့်အပေါ် ချဲလ်ဆီးပရိသတ်များ ဒေါသထွက်

နောက်ခံလူသစ် ကူလီဘာလီကို ဂန္ထဝင်နောက်ခံလူ ဂျွန်တယ်ရီ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၂၆ ပါ ဂျာစီဝတ်ဆင်စေခဲ့တဲ့ အပေါ် ချဲလ်ဆီးပရိသတ်တချို့က ဒေါသထွက်ခဲ့ကြပါတယ်။

ဆီနီဂေါနောက်ခံလူ ကူလီဘာလီဟာ  နာပိုလီကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ နောက်ခံလူဟောင်း ဂျွန်တယ်ရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၆  ဂျာစီဝတ်ဆင်နေတာကို ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ မြင်တွေ့နိုင်ပါတယ်။

အဲဒီအပေါ်မှာ ချဲလ်ဆီးပရိသတ်တချို့က ဒေါသထွက်ခဲ့ကြပြီး ကျောနံပါတ်၂၆ ကို အနားမပေးဘဲ ဝတ်ဆင်စေခဲ့တာက ဂျွန်တယ်ရီအပေါ် မလေးစားရာရောက်ကြောင်း တွစ်တာကနေ ဝေဖန်ပါတယ်။

တခြားချဲလ်ဆီး ပရိသတ်တွေကလည်း ကျောနံပါတ် ၄ ရှိနေလျက်နဲ့ အသင်းရဲ့ဂန္ထဝင်အသင်းခေါင်းဆောင်ရဲ့ ကျောနံပါတ်ကို မပေးသင့်ကြောင်း၊ မကြာခင်မှာကျောနံပါတ် ပြောင်းဖို့မျှော်လင့်ကြောင်း တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။

တခြားပရိသတ်တစ်ဦးကတော့  တယ်ရီရဲ့ကျောနံပါတ်ကို အနားပေးသင့်တာ မှန်ပေမယ့် ကူလီဘာလီလို ကစားသမားနဲ့လည်း ထိုက်တန်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။

အသင်းခေါင်းဆောင်ဟောင်းတယ်ရီဟာ ကျောနံပါတ် ၂၆ ကို  ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ အထိ ၁၉ နှစ်ကြာ ဝတ်ဆင်ကစားခဲ့ပါတယ်။

//
Up