close

ခါကိဗ်မြို့လယ်ရှိ လူနေအဆောက်အအုံကို ရုရှားတပ်ဖွဲ့ ပစ်ခတ်

ခါကိဗ် မြို့ပြစီးပွားရေး အမျိုးသားအကယ်ဒမီ နဲ့ မြို့လယ်ခေါင်ရှိ လူနေအဆောက်အအုံတွေကို ရုရှားတပ်ဖွဲ့တွေက ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ပစ်ခတ်ခဲ့တာကြောင့် လူတဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ 'Giatsint' မြေပြင်ပစ်သေနတ်တလက်က ခါကိဗ်မြို့ကို  ဗုံးစဗုံးနတွေနဲ့အတူ ဖုံးလွှမ်းပစ်လိုက်တာလို့ ဆိုပါတယ်။ 

ခါကိဗ်အရပ်သားပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဆိုရမယ့် ရုရှားဖက်ဒရေးရှင်းကို တရားစွဲတဲ့အမှုမှာ သက်သေအထောက်အထားတွေကို အသုံးပြုသွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခါကိဗ် ဒေသဆိုင်ရာဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ အိုလီနာ ဘရန်နစ်ခ် က ပြောပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ ခါကိဗ်ကို ရက်သတ္တပတ်တွေနဲ့ ချီပြီး ထိုးစစ်ဆင်နေတာပါ။

တိုက်ခန်းတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားခံရပြီး အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ 

ရုရှားဟာ မြို့တော်နဲ့ ပတ်ဝန်းကျင် ကျေးလက်ဒေသကို ပစ်ခတ်မှုတွေ ပြန်စခဲ့တာဖြစ်ပြီး ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထားတယ် ဆိုတဲ့စကားကို ငြင်းဆိုထားပါတယ်။ 

//
Up