ခါကိဗ်မြို့ရှိ အဆောက်အအုံတစ်ခုပေါ်၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ယူကရိန်း ဖယ်ရှား

ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့ရှိ တိုက်ခန်းအဆောက်အအုံတခုရဲ့ ခေါင်မိုးပေါ်မှာ ကီလိုဂရမ် ၅၀၀ အလေးချိန်ရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ယူကရိန်း မိုင်းရှင်းစစ်သားတွေက ဇွန် ၂၃ ရက် ဖယ်ရှားခဲ့ပါတယ်။
ယူကရိန်းအရေးပေါ်ဝန်ကြီးဌာနရဲ့ အထူးကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဟာ ဗုံးကို ခေါင်မိုးကနေ ဖယ်ရှားဖို့ ကရိန်းနဲ့ ဖှော့ကလစ်ကို အသုံးပြုခဲ့ရပြီး အဆောက်အအုံကနေ ဖယ်ရှားခဲ့ပါတယ်။
ဒီဗုံးဟာ မတ် ၁၉ ရက်လောက်ကတည်းက ဒီကိုရောက်လာတဲ့ လေကြောင်းဗုံး ဖြစ်တယ်လို့ ခါကိဗ်ပြည်နယ် အရေးပေါ် ဝန်ဆောင်မှုဌာနမှ မိုင်းရှင်းစစ်သား အိုင်ယို့ချာရွတ်ခ် က ပြောပါတယ်။
မတ် ၂၀ ရက်မှာ ဒီဗုံးက ဖျူ့စ်တွေကို ဖယ်ရှားခဲ့ပြီး အခုတော့ ဘေးကင်းပါပြီလို့ ဆိုပါတယ်။ မတ်လတုန်းက ခါကိဗ်ရဲ့ အရှေ့မြောက်ပိုင်းက လူနေခရိုင် ဆလ်တိဗ်ကာရှိ လူနေအဆောက်အအုံ တစ်ခုကို ထိမှန်ခဲ့တဲ့ဗုံးဟာ မပေါက်ကွဲခဲ့ပါဘူး။
ဒါပေမဲ့ နောက်သီတင်းပတ်တွေအတွင်း ဒီနယ်မြေထဲမှာ အဆက်မပြတ် ပစ်ခတ်နေမှုတွေ ကြောင့်လည်း ဗုံးကို ဖယ်ရှားဖို့ မတတ်နိုင်ခဲ့ပါဘူး။
ဒီဗုံးသာ ပေါက်ကွဲသွားရင် ဒီတစ်နေရာလုံး ပျက်စီးသွားလိမ့်မယ်လို့ မိုင်းရှင်းစစ်သား အိုင်ယို့ချာရွတ်ခ် က ပြောပါတယ်။