ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကနေဒါနိုင်ငံ ရောက်ရှိ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ကနေဒါနိုင်ငံကို ရောက်နေပြီး တပတ်ကြာမယ့် ဒီခရီးကို သံဝေဂ ခရီးလို့ ပုပ်ရဟန်းမင်းက သုံးနှုန်းပါတယ်။
တချိန်တုန်းက ဘုရားကျောင်းတွေက ထူထောင်ထားတဲ့ စာသင်ကျောင်းတွေမှာ ဌာနတိုင်းရင်းသား ကလေးငယ်တွေ စော်ကားခံရခဲ့တဲ့ ကိစ္စတွေဟာ ပုပ်ရဲ့ခရီးစဉ်မှာ အဓိက လွှမ်းမိုးနေပါတယ်။ ပုပ်ဖရန့်စစ် ကိုယ်တိုင်လည်း ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ့ ကိုယ်စား ဒီကိစ္စကို ဝန်ချတောင်းပန်ထားပါတယ်။
၁၈၈၁ ခုနှစ်နေ ၁၉၉၆ ကာလအတွင်း ဌာနေတိုင်းရင်းသား ကလေးငယ် ၁ သိန်းခွဲကျော်ဟာ မိဘရင်ခွင်ကနေ ခွဲထုတ်ပြီး ဘုရားကျောင်းတွေက ဖွင့်ထားတဲ့ ကျောင်းတွေကို အပို့ခံခဲ့ရပါတယ်။
ကျောင်းအိပ်ကျောင်းစား ကလေးငယ်တွေဟာ အစာရေစာ ၀၀ လင်လင် မစားရ၊ ရိုက်နှက်ခံရ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကို ယဉ်ကျေးမှုဆိုင်ရာ ဖျက်ဆီး အစပျောက်မှု "cultural genocide လို့ ကနေဒါရဲ့ အမှန်တရားနဲ့ တရားမျှတမှု ကော်မရှင်က ခေါ်ဝေါသုံးစွဲပါတယ်။
သက်တော် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းဟာ ကနေဒါကို ရောက်ရောက်ချင်း ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာပွဲတော်ကို ချီးမြှင့်ပေးခဲ့သလို ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။
အဲဒီနောက် စိန့်ဂျိုးဇက် သာသာနပြုကျောင်းကို သွားရောက်ပြီး အနားယူပါတယ်။ ပုပ်ရဟန်းမင်း ဟာ ဇူလိုင် ၂၅ ရက်မှာတော့ ဌာနေ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို ရှိပါတယ်။
ပုပ်ရဲ့ ကနေဒါ ခရီးစဉ်ဟာ ဇူလိုင် ၂၉ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။