close

အိန္ဒိယတွင် မျောက်ကျောက်ရောဂါကြောင့် အမျိုးသား ၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် လူနာတယောက် သေဆုံးသွားတဲ့အကြောင်း ကြေညာလိုက်တဲ့အတွက် အာရှမှာ မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က အမျိုးသားတယောက် မျောက်ကျောက်ရောဂါနဲ့ သေဆုံးသွားတယ်လို့ ပြည်နယ် ကျန်းမာရေးဝန်ကြီး ဗီနာ ဂျော့ချ်က ပြောပါတယ်။

လူနာဟာ အိန္ဒိယကို ပြန်မလာခင် ဆော်ဒီအာရေးဗျ နိုင်ငံမှာကတည်းက ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လူနာကို ပုဂ္ဂလိကဆေးရုံတခုမှာ ကုသပေးနေစဉ် ဇူလိုင် ၃၀ ရက်မှာ သေဆုံးသွားတယ်လို့ ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ လောလောဆယ် နိုင်ငံပေါင်း ၇၈ နိုင်ငံမှာ လူပေါင်း ၁၈,၀၀၀ ကျော်ကို ကူးစက်ထားပြီး ဥရောပမှ အများဆုံး ဖြစ်ပါတယ်။

//
Up