close

ဖလမ်းမြို့နယ်၌ မိန်းကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအနီး ဩဂုတ် ၆ ရက် မနက်ပိုင်းက မိုင်းနင်းမိတာကြောင့် အသက် ၂ နှစ်အရွယ်မိန်းကလေးတယောက်နဲ့ သူ့ရဲ့ ဦးလေးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

"အပေါ့စွန့်ဖို့ဆိုင်ကယ်ရပ်ပြီး လမ်းဘေးမှာ အပေါ့သွားတဲ့အချိန် မိုင်းနင်းမိပြီး ဦးလေးဖြစ်သူနဲ့ သူ့ရဲ့တူမလေးတို့ ခြေထောက်မှာ မိုင်းဆန် ထိမှန်ခဲ့ကြတယ် " လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖလမ်းမြို့နယ် ကျေးရွာတရွာကနေ ရိခေါ်ဒါရ်မြို့မှာ ဈေးရောင်းပြီးအပြန် မိုင်းပေါက်ကွဲတာဖြစ်ပြီး ဒဏ်ရာ ထိခိုက်မှု မပြင်းထန်ပေမယ့် သွေးထွက်များတယ်လို့  သူတို့နဲ့ နီးစပ်သူက ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က  စခန်းထဲကနေ သေနတ်နဲ့ ရမ်းသန်း ပစ်ခတ်ခဲ့ပေမဲ့ လူတွေ ထိမှန်တာတော့မရှိခဲ့ပါဘူး။ 

//
Up