close

ရုရှားတပ်များကို ယူကရိန်းအမျိုးသားအစောင့်တပ်က လေယာဉ်ပစ်အမြောက်ဖြင့် တိုက်ခိုက်

ယူကရိန်းအမျိုးသားအစောင့်တပ်က စစ်သည်တွေဟာ ခါကိဗ်ဒေသမှာ သြဂုတ် ၁၀ ရက် အစောပိုင်းက ရုရှားတပ်တွေကို လေယာဉ်ပစ်အမြောက်တွေ သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းအမျိုးသားအစောင့်တပ်သားတဦးနဲ့ လေယာဉ်ပစ် သေနတ်အမှုထမ်းတဦးဖြစ်တဲ့ ပတ်ဗ်လိုက သူဟာ ပုံမှန်မဟုတ်တဲ့ လက်နက်ကို သုံးခဲ့တယ်၊ ရန်သူတွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းဟာ သူ့နိုင်ငံတောင်ပိုင်းက ရုရှားထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်သိမ်းပိုက်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေတာပါ။

ရုရှားကလည်း သူသိမ်းပိုက်ထားတဲ့ နယ်မြေကို ကာကွယ်ဖို့ ရုရှားတပ်ဖွဲ့တွေကို ပြန်လည်ဖြန့်ကျက် တပ်ချထားတဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ ယူကရိန်းက အရင်သီတင်းပတ်က ပြောခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်က စကျူးကျော်ခဲ့ပြီး အစောပိုင်းမှာ ရုရှားက ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်ခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းအစိုးရက တန်ပြန်ထိုးစစ်ကို အကြီးအကျယ် ဆင်နွှဲပြီး ရုရှားထောက်ပံ့ရေး လမ်းကြောင်းတွေနဲ့ ခဲယမ်းမီးကျောက် သိုလှောင်ရာ နေရာတွေကို ထိမှန်အောင် ခေတ်မီတဲ့ အနောက်နိုင်ငံတွေက လက်နက်တွေကို သုံးသွားမယ်လို့ ကတိပြုထားပါတယ်။

//
Up