close

မိုးကောင်းတွင် လက်သုံးချောင်းထောင် ဆန္ဒပြသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ သြဂုတ် ၁၁ ရက် ညနေပိုင်းက ဆိုင်ကယ်နဲ့ မြို့တွင်း လှည့်လည်ဆန္ဒပြတဲ့ လူငယ် နှစ်ယောက်ကို  စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက                "ညနေ ၅ နာရီလောက်  ဆိုင်ကယ်တစ်စီးပေါ်မှာ နှစ်ယောက် လက်သုံး ချောင်းထောင်ပြီး မြို့ထဲ လှည့်ဆန္ဒပြနေတာ။ အဲဒါကို ရဲနဲ့စစ်တပ်က တွေ့သွားပြီး လိုက်ဖမ်းတာ သူတို့လည်း ထွက်ပြေးတာပဲ။ အုပ်စုလိုက် ဝိုင်းဖမ်းတော့ မိသွားတယ်”  လို့ ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းဆီးခံရသူ နှစ်ယောက်ဟာ အသက် ၂၀ ဝန်းကျင်ရှိ နီရှား(ခ)ဖြိုးထက်နိုင်နဲ့ အာခီလေး ဆိုသူတို့ ဖြစ်ပါတယ်။

မိုးကောင်းမြို့နယ်မှာ ဇူလိုင်လပိုင်းက Kaung For U ဖက်ဒရယ်ကျောင်းမှာ စာသင်တဲ့ ဆရာမ  ဒေါ်စိုးမြမြကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

//
Up